Saturday, September 26, 2015

Lotus World Music and Arts Festival

Lotus World Music and Arts Festival is annually held in Bloomington, Indiana in September. It features arts and music from around the world. According to their website, it's one of the oldest world music festival in the US. More than 12,000 people come during the 4-5 days of the festival.

We didn't actually go to the music concert itself. Instead, we just walked around downtown Bloomington and enjoyed some street performers. Here is a group of musicians playing Zimbabwean music. They were playing Marimba. Marimba is a percussion instrument with wooden bars and resonators attached to them.





There are also local people performing their music. Here is a girl playing violin.



Bloomington Community Farmers' Market

We went to Bloomington Farmers' Market today. We bought some locally grown vegetables including bitter gourd and water spinach from a Taiwanese vendor.






In addition to locally grown produce, there is entertainment. We also enjoyed some music.




Sunday, September 20, 2015

Mon Conversation Book

I found (through a friend on Facebook) a book on Mon conversation written by Sayama Daw Tin May of Mon Baptist Church in Mawlamyine (Moulmein). I downloaded it and saved it here. Please note that there is another primer I posted a while back ago.

Thursday, September 17, 2015

First Burmese Baptist Church of Mawlamyine

From: News Eleven.

First Burmese Baptist Church in Mawlamyine (Moulmein), Mon State, was founded by American Baptist missionary Adoniram Judson in 1827. It was built in a combination of Western and Mon architectures using local materials. It will be renovated soon.

.... မော်လမြိုင်အသင်းတော်ကို အမေရိကန် သာသနာ့အမှုဆောင် ဆရာယုဒသန်က ၁၈၂၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး၊ အဆောက်အအုံပုံစံ သည် ဒေသထွက် သယံဇာတများကို အသုံးပြုလျက်  အနောက်တိုင်း လက်ရာနှင့် မွန်ယဉ်ကျေးမှုရိုးရာ ဗိသုကာ လက်ရာတို့ကို ပညာသားပါစွာ ပေါင်းစပ် တည်ဆောက်ထားကြောင်း၊  WMF ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံမှ ပညာရှင်များနှင့်အတူ ပူးပေါင်း ထိန်းသိမ်းဆောင်ရွက် သွားမည်ဖြစ်ပြီး .....

Wednesday, September 02, 2015

Blind Villagers

Credit to Zaw Htike:

ရွာတစ်ရွာတွင် သူကြီး လုပ်သူက လူတွေကို မျက်စိကန်းအောင် လုပ်ထားလိုက်သည်။ နှစ်ပေါင်း များစွာ ကြာလာတော့ လူတွေကအမှောင်နဲ့ အသားကျလာသည်။ အလင်းရှိတယ် ဆိုတာကို မသိတော့။ တစ်ခုခု ဆို သူကြီး က ပြောပြရသည်။ “ဟိုဘက်ရွာမယ် စားစရာမရှိလို့ လူတွေသေကြသကွ။ ငါတို့ရွာမှာ ဆန်ပြုပ်လေးပုံမှန် တစ်ရက် တစ်ခေါက် သောက်နိုင်တာ ငါ့ကျေးဇူးကွ။” လူတွေက ယုံကြသည်။ ဟိုဘက်ရွာမှာ ကားဆိုတာကြီး ရှိတယ်ကြားတော့ သူကြီးက “ကား ဆိုတာကြီးက စီးလို့ တိုက်ရင် သေတတ်တယ်ကွ။ မစီးကြနဲ့။ လမ်းလျှောက်ကြ။ အန္တရယ်ကင်းတယ်။ ကျန်းမာရေးနဲ့ညီညွတ်တယ်။” လူတွေက ကားမစီးပဲ လမ်းလျှောက်ကြသည်။ ကားစီးတဲ့ လူတွေကို ငတုံးတွေလို့ ထင်သည်။
......
အဲ့ဒီမှာ တစ်ခြားရွာ သွားနေပီး ပြန်လာတဲ့ အဘွားအို တစ်ယောက်က ရွာသားတွေ ဒီလိုအကန်းဘဝ နဲ့ နေနေရတာကို မကြည့်ရက်။ မျက်စိပြန်မြင်အောင် လုပ်ပေးလိုက်သည်။ အဲ့ဒီ ပြန်မြင်လာတဲ့ လူတွေကို သူကြီးကပြောသည်။ “ကဲ ကြည့်စမ်း မျက်စိကန်းနေတုန်းက နေ့ရယ် ညရယ် မခွဲဘူး သွားချင်သလိုသွား လာချင်သလိုလာ လို့ရတယ်။ နင်လို့ မျက်စိမြင်ရမှပဲ ညဆို မသွားတက်တော့ဘူး။ မြင်လာရတော့ ဘယ်သူက လှတယ်၊ ဘယ်သူကရုပ်ဆိုးတယ် ဆိုပီး တစ်ယောက်နဲ့တစ်ယောက် မနာလိုမှု့တွေများလာတယ်။ အရင်ကဆို အကုန်တူတူပဲ။ မြင်လာရတော့ အရှက်လုံအောင် အဝတ်တွေ ဝတ်ရတော့မယ်။ ပြင်ရဆင်ရနဲ့ အလုပ်တွေရှုပ်တော့မယ်။ ကန်းနေရင် ဒါတွေ မလိုဘူး။ ဘယ်လောက် အလုပ်ရှုပ်သက်သာလဲ။ ငါက နင်တို့ကို အမျော်အမြင်နဲ့ ကန်းအောင်လုပ်ထားတာ။” သူပြောတာကို လူတွေကလဲ ဟာ ဟုတ်သားပဲ သူပြောတာအကျိုးနဲ့အကြောင်းနဲ့ မှန်နေတာပဲ ဆိုပီး ဝိုင်းထောက်ခံကြသည်။ လူတွေက အလုပ်ရှုပ်မှ မခံချင်ကြတာ။ တစ်ရက် တစ်ရက် ဆန်ပြုပ်လေး သောက်ပီး အေးရာအေးကြောင်းသာနေလိုကြ သည်လေ။ မျက်စိမြင်နေရရင် သူကြီးပြောသလို အလုပ်တွေ အင်မတန်ရှုပ်ဦးမည်ကိုး။
.....
အဲ့ဒီတော့ အဘွားအိုကြီးက မနေနိုင်။ မျက်စိ မြင်ခြင်းရဲ့ အကျိုးတွေနဲ့ ကန်းခြင်းရဲ့ အပြစ်တွေကို ရှင်းပြရှာသည်။ မျက်စိကန်းအောင် လုပ်ထားတာ သူကြီး ဆိုတာကို ထောက်ပြသည်။ တစ်ချို့လူတွေက သဘော ပေါက်သလိုလိုရှိ ပေမယ့်၊ တော်တော်များများ ကနားမလည်။ တစ်ချိန်လုံး မျက်စိကန်းခဲ့တော့ ပြန်မြင်ရတာကိုပဲ အပြစ်ကြီးတစ်ခုလို ထင်တဲ့သူကထင်သည်။ သဘောပေါက်တဲ့လူတွေက မျက်စိမြင်ရတဲ့ ဘဝ နဲ့ ရှင်သန်ကြည့်ချင်ကြသည်။ တစ်ချို့က သူတို့ကို မျက်စိကန်းအောင်လုပ်ထားတာ သူကြီးပါဆိုတာတောင် မယုံ။
...
နောက်ဆုံး အကန်းဘဝ ပြန်သွားမလား၊ မျက်စိ မြင်ရတဲ့ ဘဝနဲ့ပဲနေမလား၊ မဲခွဲ ဆုံးဖြတ် ကြဖို့ ဖြစ်လာသည်။ ဒါကလဲ အဖွားအိုကြီးရဲ့ အိုင်ဒီယာ။ သူကြီးလုပ်သူက မဲကိုမခွဲချင်။ အကုန်လုံး အကန်းသာ ပြန်လုပ်လိုက်ချင်သည်။ နောက်ဆုံး မဲခွဲ မယ်ဆိုတော့ သူကြီးလုပ်သူက လိုက်စည်းရုံးသည်။ မင်းတို့ အကန်း ဘဝနဲ့ပဲနေ။ ဆံပြုပ်ကို တစ်ရက် နှစ်ခါတိုက်မယ်။ တစ်လ တစ်ခါ ငပိကြော်တစ်ဘူးပေးမယ်။ ဘာညာပေါ့။ ငပိကြော်မျက်နာနဲ့ သူကြီး ကို မဲ ပေးပြီး အကန်း ဘဝ ပြန်သွားမယ် ဆိုတဲ့ လူတွေကလဲ မနည်း။ သူကြီးဆိုတော့ ကြောက်ရတာလဲ ပါတာပေါ့။
။......
ဒီလိုနဲ့ မဲခွဲ မယ့် နေ့ကြီးက တစ်ဖြည်းဖြည်း နီးလာသည်။ အခုဆို ၂ လကျော် ကျော်သာလိုတော့သည်။ ဘယ်သူနိုင်မယ် ဆိုတာတော့ ပြောမရသေး။ သူကြီး ဘက်က အင်အားကမနည်းတဲ့ အပြင်၊ သူက မဲစည်းကမ်းတွေ သူကိုယ်တိုင် ထုတ်ထားသည်ကိုး။ အကယ်၍ ရွာသားတွေသာ သူကြီး ကိုမဲပေးပီး အကန်းဘဝ ပြန်ရောက်ခဲ့ကြရင်၊ အဖွားအိုကြီးလဲ နောက်တစ်ခေါက် ပြန်မြင်အောင် လုပ်ပေးနိုင်တော့မည် မဟုတ်။ အသက်ကကြီးနေပီလေ။